Main menu

ကမ္ဘောဒီးယားနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို ဆွေးနွေး

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Johor မြို့၌ သီးခြားတွေ့ဆုံမှုတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားဝန်ကြီး Huot Hak သည် အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့နှင့် ခရီးသွားပူးပေါင်းဆောင်ရွက်မှုများကို တွေ့ဆုံဆွေးနွေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ခရီးသွားဝန်ကြီး Ms. Widiyanti Putri Wardhana နှင့် မလေးရှားနိုင်ငံ၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး Dato Sri Tiong King Sing တို့နှင့်တွေ့ဆုံရာတွင် နားလည်မှုစာချွန်လွှာကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အတွက် ပူးတွဲခရီးသွားလုပ်ငန်းအဖွဲ့ ထူထောင်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ ပထမ ဦးဆုံးခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အဓိကနေရာများသို့ တိုက်ရိုက်ပျံသန်းမှုမြှင့်တင်ရေး နှင့် ကမ္ဘောဒီးယား-အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား-မလေးရှားတို့အကြား ခရီးသွားမြှင့်တင် တိုးချဲ့ရေးတို့ကို ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး၊ Yu Inchon နှင့် Huot Hak တို့သည် နှစ်နိုင်ငံခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး အလားအလာများကို ဆွေးနွေးခဲ့ကြသည်။  ကိုရီးယားခရီးသွားများအတွက် ကမ္ဘောဒီးယား ဧည့်လမ်းညွှန်များ စွမ်ဆောင်ရည်မြှင့်တင်ရေး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ကိုရီးယားခရီးသွား ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘောဒီးယား-တောင်ကိုရီးယား တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုတို့ မြှင့်တင်နိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ Shri Gajendra Singh Shekhawat၊ ဂျပန်နိုင်ငံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Katsunori Takahashi နှင့် ASEAN-China Centre (ACC) အထွေထွေအတွင်းရေးမှူး Shi Zhongjun တို့သည် မိတ်ဖက်နိုင်ငံများအကြား ခရီးသွားကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆွေးနွေးခဲ့ကြသည်။

DOCA(ရန်ကုန်)