ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရှိ အဝေးသင်တက္တကသိုလ် ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် တက္ကသိုလ်နယ်မြေတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းဆောင်ရွက်ချက် သိကောင်းစရာအကြောင်း အသိပညာပေး ဟောပြောခြင်းကို ၂၂.၁.၂၀၂၅ ရက်နေ့ နံနက်(၁၃၃၀)နာရီ အချိန်က အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းက စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်းကို အသိပညာ ပေးခြင်း ဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်၊ အခန်း(၆) စစ်ဆေးရေးအရာ ရှိလုပ်ငန်းဆောင်ရွက်ချက် အချက်(၁၁)ချက်ကို ရှင်းလင်းခြင်း၊ စစ်ဆေးရေးအရာရှိသည် ဈေးကွက်အတွင်း လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို၊ ဆေးဝါး ၊အိမ်သုံးပစ္စည်း၊ စက်သုံးဆီ၊ စားဆီးအမျိုးမျိုး အထက်ဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ဦးစားပေးကုန်စည် (၁၀)မျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ် ဆေးနိုင်ခြင်း၊ သားသုံးသူများတိုင်ကြားလာပါက စုံစမ်းစစ်ဆေးနိုင်ခြင်း၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိ ကုန်စည်များ ပပျောက်စေရေးကို စစ်ဆေးဆောင်ရွက်ရန် ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဦးစီးဌာနသို့ တင်ပြပြီး စစ်ဆေးရေးအရာရှိ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်နိုင်ကြောင်းရှင်း လင်းခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အမိန်ကြော်ငြာစာ အမိန့်အကြောင်း ကိုလည်းကောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍ အမိန့်ညွှန်ကြားချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးရှုံးမှု ရှိလာပါက တိုင်ကြားလိုရသော နည်းလမ်းများအကြောင်း ကိုလည်းကောင်း၊ နည်းပညာတက္ကသိုလ် ဆရာ/ဆရာမများအား (၃၀၀)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ တိုင်ကြားလိုပါက call center 1535သို့ ဆက်သွယ်၍ မေးမြန်းနိုငကြောင်းကို အကျယ်တဝင့်ရှင်းလင်းအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)