အစိုးရ၏လှုံ့ဆော်မှုစီမံချက်များနှင့် တရုတ်စီးပွားရေးဆက်လက်ကြီးထွားလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စတီးလ်သုံးစွဲမှုမှာ ၃ ရာခိုင်နှုန်း မြင့်တက်သင့်ကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအသင်း (FTI) ၏ စတီးလုပ်ငန်းအသင်းက ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စတီးလ် သုံးစွဲမှုသည် ခန့်မှန်းတန်ချိန် ၁၅-၁၆ သန်းရှိပြီး ၂၀၂၃ ခုနှစ်ကပမာဏနှင့် တူညီခဲ့ကြောင်း သိရပါသည်။ အသင်း၏ ဥက္ကဌဖြစ်သူ Nava Chantanasurakon က ဝယ်လို အား နှင့်ဈေးနှုန်းများကျဆင်းမှုနှင့် တရုတ်သွင်းကုန်များ၏ ပြင်းထန်သောပြိုင်ဆိုင်မှုများ ပါဝင် သည့် စိန်ခေါ်မှုများနောက်တွင် ၎င်းတို့သည် ၂၀၂၅ ခုနှစ်တွင် စတီးလ်ဈေးကွက်နှင့်ပတ်သတ်၍ အကောင်းမြင်လျှက်ရှိကြောင်းနှင့် GDP ကြီးထွားမှုနှင့် စတီးလ်ဝယ်လိုအားကောင်းမွန်ရေးတို့ ပါဝင်သည့် အစိုးရ၏စီးပွားရေးစီမံချက်များ၏ အသီးအပွင့်များကိုခံစားရရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်တွင် အဆင်မပြေသည့်စီးပွားရေးအခြေအနေများမှ ကျော်ဖြတ် နိုင်ခဲ့ပြီးနောက် ဆောက်လုပ်ရေးကဏ္ဍတွင် ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးပြုသည့် စတီးလ်အတွက် ဝယ်လိုအားမြင့်တက်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အသင်းသည်လည်း တရုတ်၏ စီးပွားရေးနာလံထူလာမှုကြောင့် စတီးလ်လိုအပ်ချက်မြင့်တက်လာနိုင်သောကြောင့် ယခုနှစ်တွင် စတီးလ်တင်ပို့မှုနည်းပါးမည်ဟု ယုံကြည်နေကြကြောင်း သိရပါသည်။ တရုတ်နိုင်ငံ တော် ကောင်စီ၏အဆိုအရ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၁၈.၈ ထရီလီယံဖြင့် ၅ ရာခိုင်နှုန်းကြီးထွားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ စတီးလ် တင်သွင်း မှု မြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံမှ စတီးလ်ထုတ်လုပ်သူမျာကြား အဓိက စိုးရိမ်းစရာကိစ္စရပ် တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး စတီးလ် ထုတ်လုပ်သူ၏ လုပ်ငန်းခွဲ ဖြစ်သည့် Tata Steel (Thailand) Plc က အစောပိုင်းကာလက တရုတ်လုပ်ငန်းများ သည် စတီးလ်းကို ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်း သို့မဟုတ် အိမ်နီးခြင်း နိုင်ငံများမှတစ်ဆင့် ပြန်လည်တင်ပို့ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ တရုတ်နိုင်ငံထံမှ တိုက်ရိုက်နှင့် သွယ်ဝိုက် တင်ပို့ခြင်းသည် ၂၀၂၄ ခုနှစ်တွင် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင် စတီးလ်ထုတ်လုပ်မှု ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အသင်း၏အဆိုအရ သိရပါ သည်။ စတီးလ်ထုတ်လုပ်သည့်လုပ်ငန်းစဉ်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေခြင်းနှင့် ရောင်းလိုအားအလွန်များပြားမှုကို လျှော့ချရန် တရုတ်အစိုးရက၎င်းတို့၏ စတီးလ်ထုတ်လုပ်မှု ဖြတ်တောက်သည့် မူဝါဒကိုဖြေလျှော့ခဲ့ပြီးနောက် ၎င်းတို့သည် ၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ဝှမ်း စတီးလ်တန်ချိန် ၁၀၅ သန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ FTI သည်လည်း ထိုင်းအစိုးရအား တရုတ်ကုမ္ပဏီများထံမှစတီးလ်များနှင့် ဈေးပေါသောအခြား သွင်းကုန်များ ထိုင်းဈေးကွက် အတွင်း လွှမ်းမိုးလာမှုကို ကာကွယ်ရန်ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်တင်ပေးရန် အလိုရှိနေကြောင်း သိရပါသည်။
DOCA(ရန်ကုန်)