Main menu

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်တောင်ပိုင်း ဒါကိုတာပြည်နယ်မှ ကြက်တင်သွင်းမှုအားပိတ်ပင်ထား

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒါကိုတာပြည်နယ်မှ ငှက်များနှင့်ကြက်ထွက်ကုန်ပစ္စည်းများအား ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၅၊ ဇန်နဝါရီ၊ ၂၂ရက်စွဲပါ စာချွန်လွှာတွင် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel မှ ဒါကိုတာပြည် နယ်၏ မွေးမြူရေးငှက်များနှင့်ငှက်ရိုင်းများ၊ ကြက်သားများ၊ ရက်သားအရွယ်ကြက်ပေါက်များ၊ ဥများ နှင့် ဖန်ပြွန်သန္ဓေသားအတွက်သုတ်များအား တင်သွင်းခွင့်ပိတ်ပင်ရန်အမိန့်ထုတ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တောင်ပိုင်းဒါကိုတာပြည်နယ်သည် H5N1 ကူးစက်ဖြစ်ပွားမှု အများအပြား အား ထုတ်ပြန်ကြေညာခဲ့သည်။ အရေပေါ်အစီအမံတစ်ခုအနေဖြင့် Laurel သည် တိရိစ္ဆာန်စက်မှု လုပ်ငန်းဗျူရိုအား ဒါကိုတာပြည်နယ်မှ မွေးမြူရေးငှက်နှင့်ငှက်ရိုင်းများ တင်သွင်းခြင်းအတွက် သန့်ရှင်းရေးနှင့် ဇီဝသန့်စင်‌ရေးဆိုင်ရာသွင်းကုန်ရှင်းလင်းချက် ထုတ်ပေးခြင်းကို ရပ်ဆိုင်ရန်ညွှန်ကြား စာထုတ်ပြန်ခဲ့သည်။ ထိုကြက်ငှက်တုပ်ကွေးသည် ကမ္ဘာတစ်ဝှမ်းရှိ တောရိုင်းရေနေငှက်များကြား တွင်ပျံ့နှံ့လျှက်ရှိပြီး မွေးမြူရေးကြက်များ၊ အခြားငှက်များနှင့် တိရိစ္ဆာန်မျိုးစိတ်များစွာကိုလည်း ကူးစက်နိုင်စေကြောင်းသိရသည်။

DOCA(ရန်ကုန်)