Main menu

ဇမ်ဘီယာနိုင်ငံ၏ ကြေးနီထုတ်လုပ်မှုမှာစံချိန်တင်မြင့်မားလျှက်ရှိ

Powered by Drupal

          ဇမ်ဘီယာနိုင်ငံ၏ ကြေးနီထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယဉ်ပါက ၂၀၂၄ ခုနှစ်တွင် တိုးလာကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ဇန်နဝါရီ ၂၃ ရက်နေ့ကပြောကြား ခဲ့သည်။

          မိုင်းတွင်းနှင့်ဓာတ်သတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Paul Kabuswe မှ ဇမ်ဘီယာနိုင်ငံ သည် ၂၀၂၃ ခုနှစ်က ကြေးနီမတ်ထရစ်တန်ချိန် ၇၃၂၅၈၃ ထုတ်လုပ်ခဲ့ပြီးပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် မတ်ထရစ်တန်ချိန်၈၂၀၆၇၆ ထုတ်လုပ်နိုင်ခဲ့ကြောင်း နှိုင်းယှဥ်‌ပြောကြားချက်အရသိရသည်။

          ထုတ်လုပ်မှုတိုးတက်နှုန်းမှာ ၁၂ ရာခိုင်နှုန်းတိုးလာခဲ့ပြီး နိုင်ငံ၏ အကြီးမားဆုံးမိုင်းတွင်းနှစ်ခု ဖြစ်သည့် Konkola Copper Mines နှင့် Mopani Copper Mines တို့တွင် အကြီးစားသတ္တု တူးဖော် ခြင်းနှင့်လုပ်ငန်းပြန်လည်စတင်ခြင်းများကြောင့် အဓိကအားဖြင့် ရင်းနှီးမြှပ်နှံမှုများတိုးလာခြင်း ကြောင့်ဖြစ်ကြောင်းအဆိုပါတာဝန်ရှိသူကဆိုသည်။ ဓာတ်သတ္တုထုတ်လုပ်မှုတိုးမြင့်လာပြီးအထူးသ ဖြင့် ၂၀၃၁ ခုနှစ်တွင် နှစ်စဥ်ကြေးနီတန်ချိန် ၃ သန်းခန့်ရရှိရန်လုပ်ဆောင်ခြင်းအား အဓိကအာရုံစိုက် လျှက်ရှိကြောင်း Kabuswe က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအားပြောကြား ခဲ့သည်။

DOCA(ရန်ကုန်)