Main menu

အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၂.၁.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဆိုင်ကြီးများတွင် ထိုင်းရက်(၉၀)ဆန် ဈေးနှုန်းမှာ (၇၃၀၀ဝိ/-) ကျပ်၊ ရွှေဘိုပေါ်ဆန်း ဈေးနှုန်းမှာ (၁၄၅၀၀ဝိ/-) ကျပ် ၊ ပုသိမ်ပေါ်ဆန်း ဈေးနှုန်း (၁၂၀၀၀ဝိ/-) ကျပ်၊ ဆင်းသုခဆန် (အဟောင်း) ဈေးနှုန်းမှာ (၈၅၀၀ဝိ/-)ကျပ် တို့ဖြင့်သာ ရောင်းချလျက်ရှိပြီး လစဉ်MRFမှထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချမှုမရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း ဈေးကွက်အတွင်း တည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆန်အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)