စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၂.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဓါတ်မြေ ဩဇာအရောင်းဆိုင်များဖြစ်ကြသော ဟင်္သာတမြို့၊ဆေးရုံဟောင်းလမ်းရှိ ရွှေမြေ ဓါတ်မြေဩဇာ အရောင်းဆိုင်နှင့် ပန်းပဲတန်းရပ်ကွက်၊ နတ်မော်လမ်းရှိ ရွှေတောင် စိုက်ပျိုးရေး ဆေးဆိုင်များအား သွားရောက်၍ ဓါတ်မြေဩဇာအိတ်များ ဈေးကွက်အတွင်းပစ္စည်းပြတ် လတ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာအိတ်များတွင် မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားသော သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်း ဆည်းရန်အညွှန်းများပါ/ မပါစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းများနှင့်ကွာခြားမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ရွှေမြေဓါတ်မြေဩဇာ အရောင်းဆိုင်နှင့် ရွှေတောင်စိုက်ပျိုးရေး ဆေးဆိုင်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)