Main menu

ဗီယက်နမ်၏ ဆန်တင်ပို့မှုကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့မှုကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် အောင်မြင်မှုများရရှိခဲ့ပြီး‌‌နောက် ၂၀၂၅ ခုနှစ်တွင် စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ရဖွယ်ရှိကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က ကျွမ်းကျင်သူ များ၏ဖော်ပြချက်အရသိရသည်။ အထူးသဖြင့်ဝယ်လိုအားအားနည်းလာပြီး တင်ပို့ လျှက်ရှိ‌သောနိုင်ငံများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့် ဗီယက်နမ်နိုင်ငံ၏ဆန်တင်ပို့ မှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏနှင့်ဈေးနှုန်းနှစ်မျိုးစလုံး ကျဆင်းနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းထားကြခြင်းဖြစ်သည်။ ရိတ်သိမ်းရာသီမတိုင်မီဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာမြင့်မား လျှက်ရှိသောကြောင့် တင်သွင်းသူအများအပြားသည် ၎င်းတို့၏ ဆန်ထောက်ပံ့မှုရရှိ‌ ရေးအတွက် အခြားနိုင်ငံများသို့ဦးတည်လာကြသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ဆန်ဈေးနှုန်း သည် ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့ထက်နိမ့်ကျနိုင်ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ် အဆင့်အောက်သို့ပင် ကျဆင်းသွားခြင်း သို့မဟုတ် ၎င်းထက်အနည်းငယ်မျှသာတိုးလာခြင်းတို့ကြုံတွေ့ ရနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏အဆိုအရ နိုင်ငံ၏ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ပမာဏအားဖြင့်တန်ချိန် ၉ သန်း နှင့် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ ထိစံချိန်တင်ရရှိခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)