Main menu

ဂျပန်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှု မြှင့်တင်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တွေ့ဆုံဆွေးနွေး

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ အတွင်း ရေးမှူး Samheng Bora၊ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Kim Sreyroth နှင့် MIRARTH Holdings ၏ CEO Kazuichi Shimada နှင့် တိုကျိုမြို့ရှိ MIRARTH Holdings ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးမှုများတွင် ကမ္ဘောဒီးယား သီဟိုဠ်စေ့ ထွက်ကုန်များ ဂျပန်ဈေးကွက်သို့ မြှင့်တင်နိုင်ရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး MIRARTH Holdings က ၎င်းတို့၏ရည်ရွယ်ချက်မှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပသော World Expo 2025 တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းကာ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာ ရှိသောထုတ်ကုန်များ အထူးသဖြင့် ဆန်၊ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့ကဲ့သို့သော ကမ္ဘောဒီးယား ထုတ်ကုန်များကို မြင့်တင်ရန် ၂၇-၁-၂၀၂၅ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ (MoC) မှသတင်းထုတ်ပြန်ခဲ့သည်။ Samheng Bora သည် MIRARTH Holdings အနေ ဖြင့်ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် အထူးသဖြင့် ပြည်တွင်းသီဟိုဠ်စေ့ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘောဒီးယား ထုတ်ကုန်တန်ဖိုး ကွင်းဆက်မြှင့်တင်ရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးနှင့် နိုင်ငံတော်၏စီးပွားရေးဖွံဖြိုး တိုးတက်ရေးတို့ကို ပံ့ပိုးကူညီရန် တိုက်တွန်းခဲ့သည်။  ကုမ္ပဏီသည် ကမ္ဘောဒီးယားသီဟိုဠ်စေ့ကို တစ်ကမ္ဘာလုံးတွင်မြှင့်တင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နှစ်ဖက်လုံးမှ ကမ္ဘောဒီးယားအတွက် စီးပွားရေးနှင့်ကုန်သွယ်မှု ရလာဒ်များ ပိုမိုကောင်းမွန်စေရန် နှစ်ဖက်လုံးမှ ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များ အထူးသဖြင့် သီဟိုဠ်စေ့တင်ပို့မှု ပိုမိုအားကောင်း လာစေရန် ၎င်းတို့၏ ထင်မြင်ချက်များများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

DOCA(ရန်ကုန်)