Main menu

ဥရောပသမဂ္ဂအဖွဲ့ဝင်အားလုံးနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ ရယူရန် ထိုင်းစီစဉ်

Powered by Drupal

          ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်သည် ထိုမှတ်ချက် ကိုဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)တက်ရောက်ပြီး ပြန်လည် ရောက်ရှိချိန်တွင်‌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Ms Paetongtarn သည် ဇန်နဝါရီလ ၂၃ ရက်‌နေ့၌ WEF တွင်သီးခြားအနေဖြင့် ထိုင်းနိုင်ငံနှင့် ဥ‌ရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (EFTA) ကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ EFTA တွင် ဆွစ်ဇာလန်၊ ‌နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်စတိန်းနိုင်ငံတို့ပါဝင်ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်သည် လတ်တလော အစိုးရ၏ ပထမဆုံး FTA ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံနှင့် EFTA နိုင်ငံများအကြား စီးပွားရေးဆက်နွယ်မှုအားကောင်းစေမည့်အပြင် FTA သည် အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ် တီထွင်မှု၊ လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ အသေးစာအလတ်စားလုပ်ငန်းများကြေညာ မြင့်တင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစရှိသည့် ဧရိယာများတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု သိရပါသည်။ Ms Paetongtarn ကအစိုးရသည် ကျန်ရှိ နေသေးသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ယခုနှစ်ကုန်တွင် FTA များလက်မှတ်ရေးထိုး နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးအတွင်း ဝန်ကြီးချုပ် သည် ဆီမီးကွန်ဒတ်တာလုပ်ငန်း၊ ဒေတာစင်တာများနှင့် အစိမ်းရောင်စွမ်းအင်ပါဝင်သည့် အနာဂတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးချုပ်သည် အကယ်၍ ထိုကုမ္ပဏီများက ထိုင်းနိုင်ငံတွင်ထုတ်လုပ်သည့်စက်ရုံများတည်ထောင်ရန်ဆုံးဖြတ်ခဲ့ပါက ထိုင်းလုပ်သားများအား အဆင့်မြင့်နည်းပညာများကို ကျွမ်းကျင်မှုရှိစေရေးအတွက် ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဘတ် ၁ ထရီလီယံတန်ကြေးရှိသည့် Land Bridge စီမံကိန်းနှင့် ပတ်သတ်၍ ဝန်ကြီးချုပ်က ဒူဘိုင်းတွင်အခြေစိုက်သည့် ကမ္ဘာ့ထိပ်တန်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီကြီး ဖြစ်သည့် DP World သည် ထိုစီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်လာမည်ဟု မျှော်လင့်ရ ကြောင်း ပြောကြားခဲ့ပါသည်။  အစိုးရပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ Ms Paetongtarn သည် ၅၅ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းများမှ ထိပ်တန်း အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထိုလုပ်ငန်းများထဲမှ တစ်ခု သည် DP World ၏ CEO ဖြစ်သူ Sultan Ahmed Bin Sulayem ဖြစ်ကြောင်း သိရပါ သည်။ DP World သည်လည်း အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်ရေးကွန်ယက်ကိုချိတ်ဆက်ပေးမည့် Land Bridge စီမံကိန်းတွင်ရင်းနှီးမြှုပ်နှံမှုအလားအလာရှာဖွေရန်နှင့် Inland Container Depot (ICD) တိုးချဲ့ရေးပါဝင်သည့် ထိုင်းနိုင်ငံ၏ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်မြှင့်တင်ပေးရန်အတွက် အားကောင်းသောစိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ Ms Paetongtarn က WEF သည် ထိုင်းနိုင်ငံ၏ အလားအလားနှင့် အခွင့်အလမ်းများကို ကမ္ဘာ့အသိုက်အဝန်းသို့ ပြသနိုင်ရန် ပံ့ပိုးပေး နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)