Main menu

FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် မေလ(၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)မှ(၁၃:၃၀)နာရီတွင် FDA မှစားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အသားလုံး၊အသားချောင်းများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူး‌ပေါင်း၍ ဈေးကွက်စောင့်ကြည့် ကြပ်မတ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ဒေးဒရဲမြို့ နယ် ပြည်တော်သာလမ်း(၁)ရပ်ကွက်နှင့် မြို့မဈေးအပြင်တန်းရှိ ကုန်မျိုးစုံဆိုင်များတွင် FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အသားလုံး၊ အသားချောင်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့နှင့် သွားရောက်စောင့်ကြည့်စစ်ဆေးရာ ရောင်းချမှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)