Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၅) ဒုတိယနေ့ကိုပြုလုပ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်နှင့်ဝန်ထမ်းများသည် (၂၄.၁.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ ဦးစွာ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနမှ ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေးမှူး)သည် သတင်း၏ရည်ရွယ်ချက် သတင်း၏ စိတ်ကူး သတင်းရေးသားရာတွင် ဘ(၆)လုံးပါဝင်သောအကျဉ်းချုပ်နည်း သတင်းရေးသားရာတွင်သတိပြုရ မည့်အချက်များ ကိုအသေးစိတ်ရှင်းလင်းပြေကြားခဲ့ပါသည်။   ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦး မှလည်း မူဝါဒလေ့လာရေးနှင့်ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုသေတနဌာနခွဲကို  ရှင်းလင်းပြောကြား ရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကိုနေ့စဉ်တင်ပြရန် ဆီစက်ကြိတ်ခွဲမှုစာရင်း၊ ဘိလပ်မြေ ဈေးစာရင်း၊ ဓာတ်မြေဩဇာဈေးစာရင်း၊ ပိုးသတ်ဆေးဈေးစာရင်းများကို မြို့နယ်အလိုက်ထားရှိဆောင်ရွက် နိုင်ရန် အပတ်စဉ်ဆန်ဆိုင်စစ်ဆေးမှုများပြုလုပ်နိုင်ရန် အပတ်စဉ် ဆန်/စပါး လက်ကျန်စာရင်းအတွက် ဆန်စက်များနှင့်ပူးပေါင်းဆောင်ရွက်ကြရန် မြို့နယ်များအား ဒေသထွက်ကုန်များနှင့်ပတ်သက်၍လည်း သတင်း/ဆောင်းပါးများရေးသားနိုင်ရန် အသင်းများအားအသစ်ထပ်မံဖွဲ့စည်းနိုင်ရန် ဖွဲ့စည်းထားသော အသင်းအဖွဲ့များ၏ သက်ဝင်လှုပ်ရှားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရန် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဒုတိယပိုင်းသင်တန်းချိန်တွင် သင်ကြားမှုများအား စာမေးပွဲဖြေဆိုကြရသည်။ သင်တန်းဆင်းပွဲအနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပါသည်။  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းသို့ ခရိုင်နှင့်မြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)