ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး (၇၃၅၃၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ အင်္ဂပူမြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၅ တင်းခန့်ရှိပါသည်။ နုန်းတင်မြေနုနေရာများတွင် စိုက်ပျိုးသောမတ်ပဲများမှာ ပိုမိုအထွက်နှုန်းများကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ယခုအခါ မတ်ပဲအသစ်များ စတင်ထွက်ရှိပြီဖြစ်ရာ ဟင်္သာတဈေးကွက်သို့ ရက်ခြား၍ ပျမ်းမျှ အိတ် ၈၀၀ မှ ၁၅၀၀ ကြား တင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အင်္ဂပူမြို့နယ်မှ တင်ပို့ရောင်း ချရာတွင် မတ်ပဲအသစ် တစ်တင်းလျှင် အရည်အသွေး အလိုက် ၉၀၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်ကြား ဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၇ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါ သည်။၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲ ဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင် ၁၀၀၀၀၀ ကျပ် ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသဖြင့် မတ်ပဲစိုက်တောင်သူတို့အား အကျိုးဖြစ်ထွန်းစေသော ဆောင်းသီးနှံ ဖြစ်ကြောင်း သိရှိရ ပါသည်။
DOCA(ဧရာဝတီ)