ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရေလဲကျေးရွာတွင် တပိုင်တနိုင်ငွေနှင်းမှို စိုက်ပျိုးသူ ဦးခင်ဦးမှ မိသားစု အပိုဝင်ငွေရှိရှိ၍ စိုက်ပျိုးလျက်ရှိသည်။ ကရင်ပြည်နယ်မှ ဦးခင်ဝင်၏ မိတ်ဆွေ တစ်ဦးဆီမှ မှိုစိုက်ပျိုးမှု နည်းစနစ်ကို ရရှိ၍ မှိုစိုက်ပျိုးခြင်းကို စမ်းသပ် စိုက်ပျိုးပြီး မြို့နယ်အတွင်း ရောင်းချနေခြင်းဖြင့် တပိုင်တနိုင်လုပ်ငန်းမှ မိသားစု အပိုဝင်ငွေရရှိ၍ စိုက်ပျိုးနေကြောင်းသိရသည်။
မှိုပျိုးထုပ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ယူပြီး မအူပင် ရေလဲ ကျေးရွာတွင် ခြံမြေတွင် အမိုးအကာပြုလုပ်၍ အလျား ၁၂ ပေ၊ အမြင့် (၃)ပေခန့်ရှိသည့် စင်ထိုး၍ နေလေ လုံခြုံအောင်ပြုလုပ်၍ လေဝင် လေထွက် မျှတအောင်ပြု လုပ်ကာ စိုက်ပျိုးရကြောင်း မှိုမျိုးထုတ် ၁၀၀အိတ်ကို စိုက်ပျိုးထားကြောင်း မှို ပျိုးထုပ်တစ်ထုပ်လျှင် ၇၀၀ ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း သိရသည်။
မှိုပျိုးထုပ် များကို စင်ထိုး၍ စင်ဇကာပေါ်တွင် စနစ်တကျစီထားပြီး တစ်နေ့(၂)ကြိမ် ရေလောင်းပေးရပါသည်။ လေးငါးရက်ခန့်အကြာတွင် မှိုပျိုးထုတ် အိတ်များမှ အဖြူရောင်မှိုပွင့်ကလေးများ အိပ်ထဲမှ ပွင့်လာသည့်အခါတွင် အိတ်အဝကို အပေါက်ဖောက်ပေးရပါသည်။ မှိုထွက်နိုင်ရန် အိတ်ဝဖွင့်ပြီး တစ်ပတ်၊ ၁၀-၁၂ ရက်ကြာလျှင် မှိုပွင့်များ ခူးဆွတ်နိုင်ပြီး ရောင်းတန်းဝင်ရောက်ကြောင်းသိရသည်။
မှိုထွက်ရှိမှု အနေဖြင့် တစ်ကြိမ်စိုက်ပျိုးလျင် ငါးကြိမ်အထိ ခူးဆွတ်နိုင်ပြီး မှိုပျိုးထုပ် ၁၀၀ ထုပ် စတင်စိုက်ပျိုးရာ မှို ပိဿာချိန် ၇၀ခန့်ထွက်ရှိပါသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ ဝါး၊ အကာ၊ ပလပ်စတစ်အိတ်၊ စိုက်ပျိုးစရိတ် ကုန်ကျငွေကျပ် ၁၅၀၀၀၀-၂၀၀၀၀၀ ကုန်ကျကြောင်း၊ ထွက်ရှိလာသောမှိုများကို တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ ၁ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချသည်။ အကျိုးအမြတ် ၅၀၀၀၀၀ ကျပ် ရရှိပြီးကြောင်း သိရသည်။ ထွက်ရှိသော မှိုများကို မအူပင်မြို့ ဈေးအတွင်းတင်ပို့ရောင်းချကြောင်း၊ သိုက်ပျိုးရေးဌာနမှ လည်း ကူညီဆောင်ရွက်ပေးကြောင်း၊ ငွေနှင်းမှုန်မှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် မီးဖိုချောင်စရိတ် တွက်ချေကိုက်သောလုပ်ငန်းဖြစ်သောကြောင့် အသားအစားထိုး စားဖိုဆောင်ဖြည့်စွက်စာအဖြစ်ငွေနှင်းမှိုအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းအားဖြင့် စျေးနှုန်းချိုသာစွာစားသုံးနိုင်ပြီး ပိုလျှံပါက စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်၍ ငွေနှင်းမှုန်မှိုကို စိုက်ပျိုးခြင်းအားဖြင့် လတ်လတ်ဆတ်ဆတ်မှိုများခူးဆွတ်စားသုံးရ၍ ဘေးကင်းပြီးအာဟာရများ ပိုမိုရရှိခြင်း၊ စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ကြောင်း ဦးခင်ဦးထံမှ သိရသည်။
DOCA(ဧရာဝတီ)