ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်/ မြေပြန့်ဒေသမရွေး ဖြစ်ထွန်းသဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သောအပင်ဖြစ်သည်။ စိုက်ပျိုးမှုအနေဖြင့် အကိုင်း ကိုဖြတ်၍ တိုက်ရိုက် ဖြစ်စေ၊ အစေ့အားပျိုးထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။အကိုင်းမှ စိုက်ပျိုးလျှင် ၂နှစ်အတွင်း အသီးသီးနိုင်ပါသည်။ မိသားစုစားသုံးရန်မှအပ စီးပွားဖြစ်စိုက်ပျိုးရာ ယခုအခါ ဈေးကွက် ဝင်သီးနှံ တစ်မျိုးဖြစ်လာခဲ့ပါသည်။ ဒန့်သလွန်ပင်သည် အစေ့မှစ၍ တစ်ပင်လုံး အစွမ်းထက်သောကြောင့် လူတို့သည် အစွမ်းအထက်ဆုံး ဆေးကောင်း တစ်လက်အဖြစ် မှီဝဲအသုံးပြုလျက်ရှိပါသည်။
ယခုအခါဈေးကွက်ထဲသို့ အနည်းငယ်ရောက်ရှိလာနေပြီး ဖြစ်ပါသည်။ ယခုလက်ရှိဈေးကွက် အနေဖြင့် တန်းဝင်ဒန့်ဒလွန်သီး(၁)တောင့်လျှင် ငွေကျပ်(၅၀ဝိ/ မှ ၈၀ဝိ/)အထိ ဈေးကောင်းရနေပြီး ၊ ငပုတောမြိုနယ် ပြင်ခရိုင်၊ဟိုင်ကြီးကျေးရွာ ခြံများမှ ထပ်ဆင့် ဝယ်ယူ၍ ရောင်းချနေကြောင်း သိရှိ ရပါသည်။
DOCA(ဧရာဝတီ)