Main menu

“စတော်ဘယ်ရီစျေးနှုန်း”

Powered by Drupal

          မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး တောင်ပေါ်မြို့ဖြစ် သောကြောင့် ခရီးသွားဧည့်သည်များ အပန်းဖြေလည်ပတ်သူများနှင့်အမြဲမပြတ်စည်ကားလျှက်ရှိပါ သည်။လာရောက်သူများ များလာသည်နှင့်အမျှ ဒေသထွက်ကုန်ဖြစ်သော ပန်း၊ ကော်ဖီ၊ ထောပတ်၊ မက်မန်း၊နေကြာ၊ဝိုင် မျိုးစုံများအပြင် ပြင်ဦးလွင်ထွက် စတော်ဘယ်ရီသီးမှာလည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ပြင်ဦးလွင်ခရိုင်တွင် နှစ်ရှည်သီးနှံအပြင် ရာသီအလိုက်သီးနှံများ ကိုလည်းစိုက်ပျိုးပြီး စတော်ဘယ်ရီသီးနှံကိုလည်း မိရိုးဖလာအဖြစ် စိုက်ပျိုးလျှက်ရှိကြပါသည် ။ စတော်ဘယ်ရီသီးနှံကို သြဂုတ်၊စက်တင်ဘာလများတွင်စိုက်ပျိုးပြီး ဇန်နဝါရီမှဧပြီလအထိ အသီးများ ခူးဆွတ်နိုင်ပါသည်။ စိုက်စနစ်အနေဖြင့် ပင်ခြား၊တန်းခြား ဘောင်စနစ်ဖြင့် စိုက်ပျိုးပါသည်။ (၁)ဧက လျှင်အပင်ရေ(၁၅၀၀၀-၂၀၀၀၀)အထိစိုက်ပျိုးပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊လုပ်သားခ၊ သွင်းအားစု၊ စုစုပေါင်း (၃၅-၄၀)သိန်းဝန်းကျင်ရှိပြီး အကျိုးအမြတ်အနေဖြင့် (၂၇-၃၀)သိန်းကျော်ရရှိ ကြောင်း၊မိုးကြိုးစံပြကျေးရွာမှ စတော်ဘယ်ရီစိုက်ပျိုးသော ကိုသားကြီး၏ ပြောကြားချက်အရ သိရှိရ ပါသည်။ ဇန်နဝါရီလဆန်းပိုင်းတွင် ထွက်ရှိသော စတော်ဘယ်ရီ ရိုးရိုး(အကြွပ်သီး) (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ယခုအချိန်တွင်(၂၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊လှို င်လှိုင်ပေါ်ချိန်တွင် စျေးနှုန်း အနည်းငယ်ကျဆင်းနိုင်ကြောင်း ၊ ခြံစိုက်တောင်သူ နှင့် ဝယ်ယူရောင်းချသူများထံမှသိရှိရပါသည် ။ စတော်ဘယ်ရီ ချိုမွှေးသီးနှင့်ဒေသမျိုး(ဖျော်ရည်)သီးများထွက်ပေါ်ခြင်းမရှိသေးသော်လည်း မကြာမီ ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)