Main menu

“သင်္ဘောစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သောဒေသတစ်ခုဖြစ်သည့် အတွက်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပါသည်။သီးနှံမျိုးစုံစိုက်ပျိုးသည့်အနက် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် သ‌င်္ဘောပင်များကိုလည်းတိုးချဲ့စိုက်ပျိုးလာ ကြပါသည်။သ‌င်္ဘောစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များရွေးချယ်ပျိုးထောင်၍ ပျိုးပင်များဖြစ်ထွန်း လာပါကမြေကျင်းတူး၍ ၂ပေခြား ၃ပေ ခြားစိုက်ပျိုးကြပါသည်။(၁)ဧကလျှင် အပင်(၂၀၀၀)ကျော် ဝင်ဆံ့ပြီး တစ်ပင်အသီးတင်မည်ဆိုပါက သ‌င်္ဘောသီး (၂၅-၄၀)လုံးအထိ ထွက်ရှိကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့်အလုံးရေ(၄၀၀၀-၅၀၀၀)ကျော်အထိ ထွက်ရှိကြောင်း ၊ (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅-၁၆)သိန်းကျပ် အထိရှိပြီး မြေဆီ မြေသြဇာကျွေးသည့်အပေါ်မူတည်၍ အသီးအပွင့်များဝေဆာပြီး အပင်သက်တမ်းကြာနိုင်ကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ထိုင်ဝမ်သ‌င်္ဘောမျိုးများဖြစ်ကြာင်း၊ ထိုင်ဝမ်သ‌င်္ဘောပင်မှာ အပင်ပုမျိုး ဖြစ်ပြီး အသီးများအမြောက်အများသီး၍ အလုံးများသန့်ကြောင်း ၊ သ‌င်္ဘောခြံများမှာ အများအားဖြင့် သ‌င်္ဘောသီးအမှည့်ကို ဦးစားပေးရောင်းချကြကြောင်း ၊ သ‌င်္ဘောသီးများကို စိုက်ခင်းထဲအရောက် လာ‌ရောက်ဝယ်ယူသူများရှိသလို မှာယူသောမြို့များသို့လည်း တင်ပို့ရောင်းချပေးလျှက်ရှိကြောင်း ၊ ရောင်းတမ်းမဝင်သော အသီးစိမ်းများကို သ‌င်္ဘောသီးထောင်း ၊ သ‌င်္ဘောသီးသုပ် ရောင်းချသူများမှ လာ‌ရောက်ဝယ်ယူကြကြောင်း၊ သ‌င်္ဘောသီး လက်လီစျေးနှုန်းအနေဖြင့် အမှည့်(အကြီး)တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ (အလတ်)တစ်လုံးလျှင်(၁၅၀၀)ကျပ်အထိ ရောင်းချရပြီး လက်ကားစျေးနှုန်းအနေဖြင့် အမှည့်(အကြီး) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ (အလတ်)တစ်လုံးလျှင်(၁၃၀၀)ကျပ်အထိ ရောင်းချရ ကြောင်း  ၊ သ‌င်္ဘောသီးအစိမ်း တစ်လုံးလျှင် ဖောက်သည်စျေးအနေဖြင့် အလုံး အကြီး၊အသေးပေါ် မူတည်၍(၄၀၀-၅၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ နွေရာသီတွင် သ‌င်္ဘောသီးမှည့် ဖျော်ရည်များ အရောင်းသွက်၍ ဝယ်လိုအားများကြောင်း၊ သ‌င်္ဘောသီးအစိမ်းကို ရခိုင်သုပ်၊ဗမာသုပ်အဖြစ် စားသုံးကြ ပါသည်။သ‌င်္ဘောသီးစားသုံးခြင်းဖြင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝပြီး ရောင်းရမ်းမှုကိုလျော့ကျ စေခြင်း၊အရွယ်တင်နုပျိုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည် ။ သ‌င်္ဘောသီးအမှည့် နှင့် သ‌င်္ဘောသီးအစိမ်းကို စားသုံးသူများ ကြိုက်နှစ်သက်ပြီး ဝယ်ယူစားသုံးကြသဖြင့် တောင်သူဦးကြီးများ အနေဖြင့် ဝင်ငွေတိုးစေသော သ‌င်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)