မအူပင်မြို့နယ် အလန်းကျေးရွာတွင်၊ လယ်မြေ၊ ကိုင်းမြေ များရှိပြီး စပါး၊ ကွမ်း၊ နှင့် ဒေသတွင်း စိုက်ပျိုးသော သီးနှံများကို ကျေးရွာသားများ စိုက်ပျိုးလျက်ရှိသည်။ အလန်းကျေးရွာရှိ ဒေါ်အေးကျင် သည် စပါးစိုက် လယ်ဧက ၁၂ဧက စပါးကို မိုး/နွေ စိုက်ပျိုးပြီး၊ ကွမ်းကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ထိုအပြင် အိမ်ခြံမြေတွင် တပိုင်တနိုင် ကုလားအော် ငရုတ်သီး အပင် (၂၀) စိုက်ပျိုး လျက် ရှိကြောင်း သိရသည်။
စိုက်ပျိုးအနေဖြင့် ကုလားအော် ငရုတ်မျိုးပင်ကို ငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး၊ ငရုတ်အပင် ၂၀ပင် ကိုစိုက်ပျိုးထားသည်။ သဘာဝမြေဩဇာကိုသာ ကျွေးသည်။ အပင်စိုက်ပျိုးပြီး ၁လခွဲ အကြာ အသီးထွက်၍ ၁ပင်ကို ငရုတ် ၅၀ခန့် ထွက်ရှိသည်။ အပင် ၂၀ စိုက်ပျိုးမှုအရ ငရုတ်အတောင့် ၁၀၀၀ နီးပါးခန့် ထွက်ရှိသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ငွေကျပ် ၈၀၀၀၀ခန့်သာကုန်ကျကြောင်း စိူက်ပျိုးသူ ဒေါ်အေးကျင်ထံမှ သိရသည်။
ကုလားအော် ငရုတ် ၁တောင့်ကို လက်လီဈေး ၂၀၀ကျပ်ဖြင့် ရောင်းချရပြီး၊ လက်ကား ဈေးအနေဖြင့် ၁၅၀ကျပ် ရောင်းချသည်။ ကျေးရွာအတွင်း ကုလားအော် ငရုတ်ကို ရောင်းချပြီး အနည်းငယ်သူ မအူပင်မြို့ ကုန်စိမ်းသည်ဝယ်ယူမှ ရောင်းချသည်။ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၁၅၀၀၀၀ရရှိ၍ ငွေကျပ် ၈၀၀၀၀အကျိုးအမြတ် ရရှိသည်။ ကုလားအော်ငရုတ်အပင်သည် ဆောင်းရာသီတွင် ပိုမိုထွက်ရှိကြောင်း သိရသည်။ ကုလားအော် ငရုတ်သည် စိုက်ပျိုးမှုစရိတ်နည်း ပါးပြီး မိသားစု စီးပွားဖြစ်စိုက်ပျိုးနိုင်လျင် အကျိုးအမြတ် ရရှိသောသီး နှံတစ်ခုဖြစ်ကြောင်း ဒေါ်အေးကျင်မှ ရှင်းလင်းပြောကြားခဲ့၍ သိရှိရပါသည်။
DOCA(ဧရာဝတီ)