Main menu

မြင်းခြံ/ညောင်ဦးခရိုင်အတွင်းရောင်းချနေသော ဓာတ်မြေဩဇာဈေးနှုန်းများ

Powered by Drupal

မြင်းခြံခရိုင်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၄-၁-၂၀၂၅ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဓာတ်မြေဩဇာအမျိုးအစားအလိုက် (50kg)တစ်အိတ်ဈေးနှုန်းများအား ကွင်းဆင်း မေးမြန်းရာတွင် အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ preအာမို(၁၆:၁၆:၁၆) တစ်အိတ် လျှင် (၁၈၅၀၀၀)ကျပ်၊ အာမို(၁၀:၁၀:၁၀)တစ်အိတ်လျှင်(၁၀၀၀၀၀)ကျပ်၊ ပုလဲ(ယူရီးယား)တစ်အိတ် လျှင်(၁၁၀၀၀၀)ကျပ်၊ ပိုတက်(သီးသန့်)တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်၊ ပုလဲ(ရွှေနဂါး)တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းနှင့် ပုလဲဓာတ်မြေဩဇာသည် ယခင်လထက် (၅၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပါကြောင်း၊ ပုလဲ(ယူရီယား)၊ ပုလဲ(ရွှေနဂါး)ဓာတ်မြေဩဇာများသည် ဈေးနှုန်းသင့်တင့်ပြီး စိုက်ပျိုးတောင်သူများ အတွက် ကုန်ကျစရိတ်သက်သာသဖြင့် တောင်သူများအနေဖြင့် စပါး၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲ၊ နေကြာသီးနှံများစိုက်ပျိုးရာတွင် ပုလဲ(ယူရီယား)၊ ပုလဲ(ရွှေနဂါး)နှင့် ကွန်ပေါင်း(၁၅)ပတ်လည် ဓာတ်မြေဩဇာများကိုသာ အသုံးပြုမှုများပြားလျက်ရှိကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်ပိုင်ရှင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ညောင်ဦးခရိုင်တွင် ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်မှ (၁၃၀၀၀၀)ကျပ်၊ အာမိုတစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ယူရီးယားတစ်အိတ်လျှင်(၁၀၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်လထက် ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါကြောင်းနှင့် မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း ဓာတ်မြေဩဇာများ ပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

   DOCA(မန္တလေး)