မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်တွင် စားဖိုဆောင်သီးနှံ (မိုး)ကြက်သွန်နီ ကို မလှိုင် မြို့နယ်တွင် (၇၆၇)ဧက ၊ ဝမ်းတွင်းမြို့နယ်တွင် (၂၁၂၀)ဧက စုစုပေါင်း (၂၈၈၇)ဧက စိုက်ပျိုးထား ကြောင်း စိုက်ပျိုးရေးစာရင်းများအရ သိရပါသည်။
ကြက်သွန်နီ(မိုး)ကို ဩဂုတ် ၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလမှစ၍ စတင်ထွက်ရှိကြောင်း၊ကြက်သွန်နီစိုက်ပျိုးရာတွင် မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကစုစုပေါင်း(၂၇)သိန်းကျော်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်း အနေဖြင့် ပိဿာ (၂၀၀၀) ကျော်ထွက်ရှိကြောင်းသိရပါသည်။ မိတ္ထီလာဈေးကွက်အတွင်းသို့ ဇန်နဝါရီလ လယ်ပိုင်းတွင် မလှိုင် ၊ ဝမ်းတွင်း မြို့နယ်များမှ တစ်ရက် လျှင်ပျှမ်းမျှအဝင်ပိဿာ (၂၀၀၀၀) ကျော်နေ့စဉ် ဝင်ရောက်လျှက်ရှိပြီး မိတ္ထီလာဈေးကွက်မှ နေ၍ ရန်ကုန် ၊ ပဲခူး ၊ မော်လမြိုင် ၊ မြဝတီ ၊ တာချီလိတ်မြို့များသို့ တင်ပို့လျှက်ရှိကြောင်းသိရပါသည်။ ယခု ရက်ပိုင်းတွင် တရုတ်နှစ်ကူးနီး၍ ပြည်ပ ဝယ်လက်အေး ခြင်းကြောင့် ပြည်တွင်း ဈေးကွက်ဖြစ်သည့် ရန်ကုန် ၊ ပဲခူး ၊ မော်လမြိုင်မြို့၊တောင်ကြီးမြို့များသို့ တစ်ရက် ကုန်ချိန် ပိဿာ (၂၀၀၀၀)ကျော် တင်ပို့လျက်ရှိကြောင်း သိရပါသည်။
မိတ္ထီလာမြို့ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် (၂၃၀၀/၂၅၀၀) ကျပ်ဈေးရှိကြောင်း၊ လက်လီဈေးနှုန်းအနေဖြင့်တစ်ပိဿာလျှင် (၂၅၀၀/၃၅၀၀) ကျပ် ရှိကြောင်း ဈေးကွက်မှစုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)