မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သော မြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ကျောက်ကမူများ၊ ညီညာပြန့်ပြူးမှု မရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများ ပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါး သော မိုးနည်းရပ်ဝန်း ဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဆည်မြောင်းများအသင့်အတင့် ရှိသဖြင့် ယာမြေများတွင် ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ မြေပဲနှင့် လယ်မြေများတွင် ဒေသတွင်း ဝမ်းစာ မနောသုခစပါးများကို စိုက်ပျိုးကြသည်။ မြင်းခြံမြို့နယ်၏ အဓိကသီးနှံထွက်ကုန်များမှာ ဆေးရွက်ကြီး၊ ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် ဆီထွက်သီးနှံများ ဖြစ်သော်လည်း ဒေသတွင်းဝမ်းစာ မိုးစပါးများကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများတွင် ထွက်ပေါ်ရိတ်သိမ်းကြပါသည်။ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းထွက်ပေါ်ချိန်အထိ (၄)လခန့် ကြာမြင့်သည်။
မြင်းခြံခရိုင်တွင် မိုးစပါးစိုက်ဧက(၁၉၈၃၃)ဧကအနက် (၁၃၃၅၅)ဧကရိတ်သိမ်းခဲ့ပြီး တစ်ဧက အထွက်နှုန်း(၆၇)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၈၉၄၇၈၅)တင်းထွက်ရှိကာ ကျန်ဧကများကို ဆက်လက်ရိတ်သိမ်းဆဲဖြစ်ပါသည်။ မနောသုခ မိုးစပါးအသစ် တစ်တင်းလျှင် (၂၂၀၀၀)ကျပ်ဈေးဖြင့် ဒေသတွင်းရှိ ကျေးရွာများတွင် အရောင်းအဝယ်ဖြစ်လျက်ရ ှိကြောင်းသိရှိရသည်။ မနောသုခ စပါး အဟောင်း တစ်တင်းလျှင် (၂၄၀၀၀)ကျပ်ဖြစ်ပြီး မနောသုခဆန်(ဟောင်း) တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်မှ (၉၅၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)