စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သခွားသီးနှံများကို ချောင်းဦး၊ သပြေတော၊ သပြေပင်၊ ဇီးတောဒေသများမှ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ သခွားသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သွေးတွင်းသကြားဓာတ် ကိုကျစေခြင်း၊ ရေဓာတ်ပါဝင်မှုများသည့်အတွက် ဝမ်းအမာ၊ ဝမ်းချုပ် မဖြစ်အောင်အကူအညီဖြစ်စေ ပါသည်။
မုံရွာမြို့ မကျည်းပင်ဈေးတွင် သခွားသီးအသေးတစ်လုံး(၂၀၀)ကျပ်၊ အကြီးတစ်လုံး (၃၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)