မုံရွာမြို့အတွင်းသို့ ကနီ၊ တွင်းမဒေသထွက် အုန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက် လျက်ရှိပြီး မုံရွာမြို့ရှိ သစ်သီးဆိုင်များနှင့် လမ်းဘေးရှိအုန်းရေရောင်းချသည့် ဈေးသည်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
မုံရွာမြို့ရှိ ကျောက္ကာလမ်းဘေးတစ်လျှောက်တွင် အုန်းသီးဆိုင်များ အများအပြားတွေ့ရှိရပြီး အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများနှင့် မိရိုးဖလာ ကန်တော့ပွဲများတွင် အသုံးပြု လျက်ရှိကြပြီး အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၂၅၀၀/၃၅၀၀ ကျပ်အထိ အုန်းသီး အကြီး/ အသေးပေါ်မူတည်၍ ရောင်းချနေကြောင်းနှင့် အုန်းသီးဆံကို နေပူလှမ်း အခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ် ပြုလုပ်ရောင်းချကြကြောင်း၊ နွေရာသီတွင် ပို၍ရောင်းအားကောင်း လျက်ရှိကြောင်း အုန်းသီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)