Main menu

ပြည်မြို့ရှိဈေးမြင့်တက်လာသော ကြက်ဥ/ဘဲဥဈေးကွက်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မေလတတိယပတ်တွင် ကြက်ဥ/ဘဲဥဈေးများမှာ မေလပထမပတ်ထက်စာရင် ဈေးသိသိသာသာမြင့်တက်လာကြောင်း သိရှိရပါသည်။ မေလပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ၁၅၀-၁၇၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် လက်လီဈေး ၁၈၀-၂၀၀ကျပ်အထိ ဈေးရှိခဲ့ပါသည်။ မေလတတိယပတ်တွင် ကြက်ဥဈေးမှာ ပုံမှန်ဆိုဒ်တစ်လုံးလျှင် ၁၈၀-၂၀၀ ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၂၀၀-၂၅၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ ကြက်ဥ/ ဘဲဥများဈေးမြင့်တက်လာရခြင်းမှာ ကြက်မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံများအနေဖြင့် ကြက်စာနှင့်ဘဲစာများ ဈေးမြင့်တက်လာခြင်း၊ ရာသီဥတုပူပြင်းသည့်အတွက် ကြက်ဥဥနှုန်းများ ကျဆင်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်များမြင့်တက်လာခြင်းတို့ကြောင့် ကြက်ဥ/ဘဲဥဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)