စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မုန်လာ သီးများကို စိုက်ပျိုးကြကြောင်း၊ ရာသီစာမုန်လာသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း မုန်လာသီး(၁)ပြည်လျှင် ၂၀၀၀ကျပ်၊ မုန်လာသီးနို့ဆီဘူး(၁)ဘူးလျှင် ၃၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ရာသီစာဖြစ်သည့်အတွက် မုန်လာသီး များအရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)