Main menu

ကန့်ဘလူမြို့၏ ထိုင်ဝမ်ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း၊ ထိုင်ဝမ်ဖူးစားပြောင်းများကို နေအိမ်ခြံဝင်းများ၌လည်းကောင်း၊ ယာကွက် များ၌လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်ဖူးစားပြောင်းများကို ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းသည်များတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း၊ ပြောင်းဖူးအစိမ်းနှင့် အပြုတ်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးစိမ်းကို စားသောက်ဆိုင်များနှင့် အိမ်ရှင်မ များကဟင်းချက်ရာ၌ ဝယ်ယူအသုံးပြုကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ပြောင်းဖူးကို လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး(၁)ဖူးလျှင် (၆၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများ သည်ပြောင်းဖူး ပြုတ်အကြီး(၁)ဖူးလျှင်(၁၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)