Main menu

ကန့်ဘလူမြို့တွင်ရောင်းချနေသည့်စတော်ဘယ်ရီသီး ဈေးနှုန်း၊ဈေးကွက်အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် စတော်ဘယ်ရီများကို  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချ လျက်ရှိ‌ကြောင်း သိရသည်။

စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရောင်းချနေသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်နှင့် စတော် ဘယ်ရီသီး (၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်ရှိခဲ့ရာ နောက်ဆုံးအပတ်အတွင်း စတော်ဘယ်ရီသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုအပတ်အတွင်း စတော်ဘယ်ရီသီးဈေးနှုန်းများကျဆင်းလာကြောင်း၊  လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)