စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှု၊ စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်စေရေးအတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများအား ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ စားသုံးသူအညွှန်းကိန်းစစ်တမ်းများကောက်ယူရာတွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ မြို့နယ်တာဝန်ခံများအနေဖြင့် မိမိတာဝန်ကျရာမြို့နယ်များအတွင်း စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအသိပညာပေးမှုလုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြမှုများနှင့် စပ်လျဉ်းသည့် စားသုံးသူများသိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူအခွင့်အရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိနိုင်မှုအခြေအနေစသည့်အချက်များ ပါဝင်သော စားသုံးသူစစ်တမ်းမေးခွန်းလွှာများအား မေလ ပထမပတ်မှ စတင်၍ ပြည်သူများသို့ တိုက်ရိုက်မေးမြန်းခြင်းနှင့် Onlineမှ မေးမြန်းခြင်းဖြင့် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများ ကောက်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
(DOCA)ပဲခူး