Main menu

သီဟိုဠ်စေ့တင်ပို့မှု မြှင့်တင်နိုင်ရေး ဂျပန်လုပ်ငန်းရှင်များနှင့် ကမ္ဘောဒီးယားအတွင်းဝန် ဆွေးနွေး

Powered by Drupal

          ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပို့ ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Samheng Bora ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီ စတုတ္ထပတ်အတွင်း တိုကျိုမြို့ရှိ MIRARTH Holdings ၏ ဌာနချုပ်၌ ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Kazuichi Shimada နှင့် အကြီးတန်းအရာရှိများနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          အဆိုပါ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ယင်းဆွေးနွေးပွဲတွင် ကမ္ဘောဒီးယား သီးနှံထွက်ကုန်များ အထူးသဖြင့် ဆန်၊ ငရုတ်သီးနှင့် သီဟိုဠ်စေ့စသော စိုက်ပျိုးထုတ်ကုန်များကို ၂၀၂၅ ခုနှစ်တွင် အိုဆာကာမြို့၌ ကျင်းပမည့် World Expo တွင် ပူးပေါင်းကြေညာရန် ရည်ရွယ် ချက်ဖြင့် ဂျပန်ဈေးကွက်သို့ ကမ္ဘောဒီးယား သီဟိုဠ်စေ့ထုတ်ကုန်များ တိုးမြှင့်တင်သွင်းရေး ကြိုးပမ်းမှုများကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

          အတွင်းဝန် Samheng Bora က MIRARTH Holdings အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်ရန်၊ အထူးသဖြင့် ဒေသခံ သီဟိုဠ်စေ့ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ ကမ္ဘောဒီးယားထုတ်ကုန်များ၏ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး၊ ဒေသခံအလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရေးနှင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် ပံ့ပိုးရေးတို့တွင် ပူးပေါင်း ဆောင် ရွက်ရန် တိုက်တွန်းခဲ့သည်။

          MIRARTH Holdings ကုမ္ပဏီကလည်း ကမ္ဘောဒီးယား သီဟိုဠ်စေ့များကို ကမ္ဘာ့ဈေးကွက် သို့ ပိုမိုတင်ပို့နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဂုဏ်သတင်းမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယား ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန် အသင့်ပြင် ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

          နှစ်ဖက်လုံးအနေဖြင့် ကမ္ဘောဒီးယား၏ စိုက်ပျိုးထုတ်ကုန်များ၊ အထူးသဖြင့် သီဟိုဠ်စေ့ များကို စီးပွားရေးနှင့် ကုန်သွယ်ရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန်အတွက် ပူးပေါင်းဆောင် ရွက်မှုများ အားကောင်းလာစေရန် ရည်မှန်းချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရှိရသည်။

Source: Khmer Times, 26 January, 2025 လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)