Main menu

မြိတ်မြို့သို့ ရောက်ရှိလာသော ဆန်များအား အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှဦးဆောင်၍ မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၁၉.၁.၂၀၂၅) ရက်‌နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ‌ဒေးဒရဲမြို့နယ်မှဝယ်ယူ၍  MV မြရွှေစင် ရေယာဉ်ဖြင့် ဆန်တန်(၁၂၅)၊ အိတ်ရေ (၂၅၀၀)ကိုတင်ဆောင်၍ (၂၈.၁.၂၀၂၅) တွင် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ပါသည်။

          ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)