Main menu

မြိတ်မြို့တွင် အခြေခံစားကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

Powered by Drupal

             ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့၊ နံနက် (၇း၀၀)နာရီအချိန်တွင်  မြိတ်မြို့၊ အောက်ရေပုန်းရပ်၊ စာကြည့်တိုက်အ‌ရှေ့၌ ရပ်ကွက်နေပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီနှင့်အတူ အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။ အခြေခံစားသောက် ကုန်များရောင်းချရာတွင် ဆန်၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့ပါဝင်ပြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမ၊ စည်ပင်၊  စသောဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)