Main menu

စိုက်ပျိုးရေးကိုအခြေခံသည့် ထုတ်ကုန်များဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ စက်မှုကြီးကြပ်ရေး ဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ဆီစက်များမှ ဒေသတွင်းဖူလုံမှု့အပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်သွားမည့် စီမံချက်ကို(One Region One Product) လုပ်ငန်း ဆောင်ရွက် ချက်များ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

            ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ပေါ်ရှိ ဆီစက်များမှာ စက်စွမ်းအားအနေဖြင့် တစ်ရက် လျှင် (၈)နာရီကြိတ်ခွဲအား နှမ်း(၂၀)တင်း ကြိတ်ခွဲနိုင်ပြီး ဆီပိဿာအနေဖြင့် (၁၂၀) ပိဿာမှ (၁၃၀)ပိဿာအထိရရှိကြောင်း၊ ကုန်ကြမ်းအား မင်းဘူးမြို့တွင်း၌သာဝယ်ယူကြောင်း၊ ကုန်‌ချောအား မကွေးမြို့နှင့်ရန်ကုန်မြို့များသို့ တင်ပို့ကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၅၀၀၀)အထိလည်းကောင်း၊ နှမ်းဖတ်အနေဖြင့် နှမ်းတစ်တင်းလျှင် (၇)ပိဿာမှ (၈)ပိဿာအထိ ထွက်ရှိပြီး နှမ်းဖတ်တစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များသို့ တိရိစ္ဆာန်အစားအစာဖြင့် တင်ပို့ရကြောင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် ငွေစံပါယ်ဆီစက်ပိုင်ရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)