Main menu

ဆိပ်ဖြူမြို့၌ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ “ဒေါ်အုန်းမြ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ပဲကြော်အမျိုးမျိုး ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူမိဘပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည် သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင်တွင် လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခုထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင် အနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံ ပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီ သော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)