Main menu

ဒေါပုံမြို့နယ် Capital (City Mark) အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ဒေါပုံမြို့နယ် Capital(City Mark) ရှိ (၂၈.၁.၂၀၂၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင်  အမှတ် (၁၄ / E)၊ မင်းနန္ဒာလမ်း၊ ဒေါပုံမြို့နယ်   Capital      (City Mark) သို့သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ  ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။        

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် Capital (City Mark) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည်   ပေါ်ဆန်းမွှေး(၁၂kg)၊ ရွှေဘိုပေါ်ဆန်းမွှေး (၂kg)၊ ရက်၉၀(လတ်) (၂kg)၊ မြောင်းမြ  (ပေါ်ဆန်း)  (၁၂kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)