Main menu

မကွေးမြို့ပေါ်ရှိ အင်ဥဈေးကွက်အခြေအနေ

Powered by Drupal

            မိုးဦးကျကာလများတွင် အင်ဥမှာ ရာသီစာတစ်ခုဖြစ်သော ဟင်းစာတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် မိုးဦးကျကာလများတွင် ကြွေကျနေသော အင်ရွက်များမှ မိုးရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော မြေဆွေးများမှ ပေါက်လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးဖြစ်ပါသည်။

         မြန်မာနိုင်ငံရှိ ပဲခူးရိုးမတစ်ကြောရှိ အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥ များပေါများစွာတွေ့ရပါသည်။ မကွေးတိုင်းဒေသကြီးတွင် ရခိုင်ရိုးမတစ်ကြော ဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ ပဒါန်း အနီးပတ်ဝန်းကျင်ရှိရွာများ၌ အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ အင်ဥတွင် Protein ၊ Amino acid ၊ Calcium Antioxidants ၊ Vitamin – B ၊ Vitamin – D ၊ Potassium ၊ Copper နှင့် Selenium တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။ အင်ဥ သည် တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျမသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။ မကွေးမြို့တွင် အင်ဥများကို မင်းတုန်း၊ ငဖဲ၊ ပဒါန်းမြို့များမှ ဝင်ရောက်လျှက်ရှိပြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးများတွင် မိုးရာသီ၌ အင်ဥများရောင်းချလေ့ရှိပါသည်။ ပေါ်ဦးပေါ်ဖျား အင်ဥဈေးနှုန်းမှာ နို့ဆီဗူးတစ်ဗူးလျှင် (၂၅၀ဝိ/-)နှုန်း၊ တစ်ပြည်လျှင်(၂၀၀၀ဝိ/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပြီး ယခုလတ်တလော အင်ဥဈေးနှုန်းမှာ  နို့ဆီဗူးတစ်ဗူးလျှင် (၁၄၀ဝိ/-)နှုန်း၊ တစ်ပြည်လျှင်(၁၁၀၀ဝိ/-)နှုန်းဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)