စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မကွေးမြို့နယ်ရှိ ဆီစက်များမှ ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ (၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆီစက်များအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလိုင်ရှိ/မရှိ၊ ဆီစက်များ အမှန်တကယ် လည်ပတ်ကြိတ်ခွဲမှုရှိ/မရှိနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်ချော မြေပဲဆီ၊ နှမ်းဆီများ အပေါ် အာမခံပေးနိုင်မှုတို့အား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ကုန်ကြမ်း (မြေပဲ/ နှမ်း)(၁၀၀) ပိဿာ ကြိတ်ခွဲမှုအပေါ် ကုန်ချော (၄၀)ပိဿာ (၄၀%)ပြန်လည်ရရှိပါကြောင်းနှင့် ထွက်ရှိလာသော ကုန်ချော မြေပဲဆီ/ နှမ်းဆီများ၏ (၇၅%) ကို အခြားတိုင်း/ ပြည်နယ်များသို့ ဖြန့်ချိရောင်းချလျှက် ရှိ ပြီး (၂၅%)ကိုသာ ဒေသတွင်းရှိ ပြည်သူများ ဝယ်ယူစားသုံးလျှက်ရှိကြောင်း၊ လက်ရှိကုန်ကြမ်း မြေပဲနီဆံ (၁)ပိဿာ (၈၄၀၀- ၈၅၀၀)ကျပ်နှင့် နှမ်းနီ (၁)ပိဿာ (၇၀၀၀)ကျပ်နှုန်းတို့ဖြင့် ဝယ်ယူရ ပြီး ကုန်ချော မြေပဲ/ နှမ်းဆီ (၁)ပိဿာလျှင် (၁၄၈၀၀-၁၅၀၀၀)ကျပ်တို့ဖြင့် ပြန်လည်ရောင်းချရပြီး ပဲဖက် (၁)ပိဿာ လျှင် (၆၅၀၀-၆၆၀၀)ကျပ်နှင့် နှမ်းဖက် (၁)ပိဿာလျှင် (၄၆၀၀)ကျပ်တို့ဖြင့် ပြန်လည်ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(မကွေး)