![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_140.jpg?itok=3Fujr6Q9)
ယခုဇန်နဝါရီနောက်ဆုံးပတ်တွင် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်းမှ မိုးစိုက်ကြက် သွန်နီများ ဝင်ရောက်မှုများနေကြောင်းသိရပြီး တစ်ရက်လျှင် အောင်လံ၊ တောင်တွင်း၊ စစ်တလင်း ဘက်မှ ကြက်သွန်နီပိဿာချိန် (၇၀၀၀)ခန့် ရေနံချောင်းကြက်သွန်နီ ပိဿာချိန် (၄၀၀၀) ခန့်နှင့် ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီ ပိဿာချိန် (၅၅၀၀)ခန့် အဝင်ရှိပြီး စုစုပေါင်း တစ်ရက်ကိုပိဿာ ချိန် (၁၆၅၀၀)ခန့် အဝင်ရှိနေကြောင်း သိရှိရပါသည်။ အဝင်များ လှိုင်လှိုင်ဝင်ရောက်နေသဖြင့် ပြည် ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်များနေပြီး ဈေးနှုန်းမှာ မြို့သစ်ဈေး (၂၇၀၀-၃၃၀၀-၃၅၀၀-၃၈၀၀) ကျပ်နှုန်းရှိပြီး၊ ပျမ်းမျှ တစ်ပိဿာလျှင် ယခင်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၃၀၀)ကျပ်ခန့် ကျဆင်းသွားပါသည်။ အရောင်းအဝယ်အားဖြင့် အိတ်ဆွဲဝယ်ရောင်းသမားများး ဒေသတွင်းလက်လီ ဝယ်လက်သမားများနှင့် သာယာဝတီခရိုင်၊ ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း၊ မြန်အောင်) တို့ဘက်သို့ နယ်ကျော်စီးဆင်းမှုအဖြစ် ကားလမ်း၊ ရေကြောင်းလမ်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေသည်။ ဈေးနှန်းများမှာ ပြည်ပွဲရုံ လက္ကားဈေး တစ်ပိဿာလျှင် (ကြီး၊ လတ်၊ သေး) ကျပ်(၃၅၀၀-၃၀၀၀-၂၈၀၀)တို့ဖြင့် မြို့ပေါ်လက်လီဈေးများတွင် ကျပ်(၃၉၀၀/၃၆၀၀-၃၄၀၀/၃၀၀၀-၃၂၀၀)နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)