Main menu

ပြည်ဒေသထွက် ပန်းဂေါ်ဖီစိမ်းများ ဈေးကောင်းရ

Powered by Drupal

       ပန်းဂေါ်ဖီစိမ်းများကို ပြည်မြို့အနီးတစ်ဝိုက်ရှိရွာများဖြစ်သော ချောင်းနားတန်း၊ ပိုးခေါင်ရွာ များနှင့် ပြည်မြို့‌ပေါ်ဥယျာဉ်ခြံများဖြစ်သော ရှမ်းစုရွာ၊ ချင်းစု၊ ဥယျာဉ်စုရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ယခုဖေဖော်ဝါရီလ ပထမအပတ်တွင် ပြည်မြို့ပေါ်လက်လီဈေးများသို့ ရက်ခြား အပွင့် (၄၀-၅၀)ခန့် တင်သွင်းရောင်းချလျက်ရှိနေကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားမို့ ပြည်မြို့ပေါ် ဈေးကွက်အတွင်း ဈေးကောင်းလျက်ရှိပြီး ပန်းဂေါ်ဖီစိမ်း တစ်ပွင့်လျှင် ကျပ်(၁၅၀၀)နှုန်းထိ ရရှိပြီး ဖေဖော်ဝါရီလလယ်ခန့်တွင် လှိုင်လှိုင်ထွက်ပေါ်မှာဖြစ်ကာ တစ်ပွင့်လျှင် ကျပ်(၇၀၀-၈၀၀) နှုန်းများဖြင့်သာ ရောင်းချရတော့မည်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)