Main menu

ပေါက်ခေါင်းမြို့နယ်၏ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

ပေါက်ခေါင်းမြို့နယ်အနေဖြင့် ရာသီပေါ်သီးနှံများကို ရာသီအလိုက်ပုံမှန်ရောင်းချလျက်ရှိပါ သည်။ ယခု(၂)လပိုင်း ပထမပတ်မှစ၍ ပန်းဂေါ်ဖီများ လှိုင်လှိုင်ရောင်းချ လျက်ရှိပါသည်။ ပန်းဂေါ်ဖီ များမှာ ဒေသတွင်းစိုက်ပျိုးထားခြင်းမရှိသော်လည်း ပထမဆုံးအနေဖြင့် ရှမ်းပြည်နယ် ဘက်မှ တင်သွင်းရပြီး ပြည်မှတစ်ဆင့်ဝယ်ယူရကြောင်းသိရှိရပါသည်။ ယခုအခါ သဲကုန်း၊ ဆင်မြီးဆွဲ စသည့်မြို့များနှင့် ပေါင်းတလည်မြို့များမှ ဝယ်ယူရရှိကြောင်းသိရပါသည်။ ရှမ်းပြည်နယ်ဘက်မှ တင်သွင်းလာသောဂေါ်ဖီထုပ်များမှာ သယ်ယူစရိတ်နှင့် ပစ္စည်းရှားပါးမှုကြောင့်တစ်ပွင့်လျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀)ကျပ်အထိ ဈေးကောင်းပေးဝယ်ရပြီး ယခုအခါ အနားပတ်ဝန်းကျပ်မြို့နယ်များ မှ ဝယ်ယူရရှိသဖြင့် တစ်ပွင့်လျှင် (၁၀၀၀)မှ (၁၅၀၀)အထိသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)