Main menu

ဈေးကောင်းရသည့်ပန်းဂေါ်ဖီ

Powered by Drupal

            ပဲခူးတိုင်းဒေသာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရ တောင်ကျ ချောင်းမကြီး ၃ခုစီးဝင်လျက်ရှိပြီးကျေးရွာအုပ်စု ၅၄အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိက အသက် မွေးလုပ်ငန်းဖြစ် သည်။ရာသီအလိုက်သီးနှံစိုက်ပျိုးနိုင်သည့် ဧကပေါင်း ၆၆၀၀ကျော်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ရုံးပတီ တို့အဓိကစိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချပြီး ဝင်ငွေရရှိလျက်ရှိပါသည်။

            ယခုနှစ်တွင်မိုးအနည်းငယ်များပြီး ရေကြီးရေလျှံခဲ့သဖြင့် စိုက်ပျိုးမှုနောက်ကျခဲ့သော်လည်း ယခုအခါပန်းဂေါ်ဖီများလှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရလျက်ဝင်ငွေကောင်းနေကြပြီးဖြစ်သည်။ ပန်း ဂေါ်ဖီကိုအုတ်ဖိုမြို့နယ်အတွင်း တယ်ပင်ကြော၊ လေးတဲ၊ရှမ်းရွာကျပ်ချောင်း၊ သင်မန်းကုန်း၊ ကွေ့ ချောင်း၊ဦးတိုကျေးရွာအုပ်စုများမှ အဓိကထွက်ရှိပြီး နနွင်းကုန်း၊ငါးရှဉ်ရိုးအုပ်စုများတွင် ဂေါ်ဖီ ထုတ်အဓိကစိုက်ပျိုးကြသည်။စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ၂၂၅၀၀၀၀သိန်း ခန့်ရင်းရပြီး စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင်ပန်းဂေါ်ဖီ ၁၁၀၀၀ခန့်ထွက်ရှိပါသည်။ဒေသ ကုန်စိမ်းဒိုင်ကောက်ဈေးအရတစ်ပွင့်လျှင် အကြီး/အသေးပျမ်းမျှ ၇၅၀ကျပ်ခန့် ရရှိပြီး တစ်ဧက အကျိုးအမြတ် ၆၀၀၀၀၀၀/ကျပ်ခန့် ရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)