စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။
ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဖက်ဖယ်ရွက်များကို စိုက်ပျိုးကြကြောင်း၊ ဖက်ဖယ်ရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၂၀၀)ကျပ်၊ ဖက်ဖယ်ရွက်(၃) စည်းလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဖက်ဖယ်ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အကင်ဆိုင်များမှ အနံအရသာအတွက် မပါမဖြစ်ဝယ်ယူ အသုံးပြုကြသဖြင့် ဖက်ဖယ်ရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)