![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/60_17.jpg?itok=Pd9xW9EO)
ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသီးနှံသစ်များ နေ့စဉ်အဝင်ရှိလာတာကြောင့် တစ်ရက်အိတ်(၃၀၀-၄၀၀)ကျော်ဝင်ရောက်ခဲ့ပြီး ပြည်တစ်ဖက်ကမ်း ပန်းတောင်း၊ မင်းတုန်းဖက်မှ ဝင်ရောက်ခဲ့ကြပါသည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက် အဓိကဝယ်ယူမှုရှိသလို လှောင်ပဲသမားအချို့လည်း ဝယ်ယူနေခဲ့ကြပါသည်။ ပဲသစ်ဈေးမှာ တစ်တင်း ၉၉၅၀၀၀)ကျပ်မှ (၉၆၀၀၀)ကျပ်အထိ ပဲအရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က နှစ်ဆန်းပိုင်း တစ်တင်း (၁၀၉၀၀၀)ကျပ်မှ (၁၁၀၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ဈေးအနည်း ငယ်လျော့နည်းနေခဲ့ပါသည်။ ယခင်နှစ်က ပြည်ပဝယ်လက်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်းသီးနှံများနှင့်ယှဉ်လျှင် ဈေးကောင်းပိုရခဲ့သော်လည်း ယခုနှစ်တွင် အဆိုပါပဲများထက် ဈေးအနည်းငယ်လျော့နည်းနေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)