ပြည်ခရိုင်တွင် ဆောင်းသီးနှံမြေပဲများ မကြာမီအချိန်ကာတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ ပန်းတောင်းမြို့နယ်ဘက်နှင့် ရွှေတောင်မြို့နယ်ဘက်မှ မြေပဲဆန်များ နေ့စဉ် ပိဿာ(၂၀)ဝင် အိတ် ၄၀၀/၅၀၀ ခန့်ဝင်ရောက်လျှက်ရှိပါသည်။ ဝင်ရောက်လာသော မြေပဲဆန်များမှ ဆီဆန်နှင့် ရွေးဆန်ကို မြို့တွင်း ဆီစက်များကအဝယ်ရှိပြီး လုံးဆန်ကို လုပ်ငန်းရှင်သမားများနှင့် ရန်ကုန်ဝယ်လက်များကဝယ်ယူမှုရှိ၍ အရောင်းအဝယ်မှာ နေ့စဉ်ဖြစ်လျှက်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် မြေပဲဆီဆန်(အဖြူ) တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၇၀၀ကျပ်ဖြင့် ဇန်နဝါရီနောက်ဆုံးပတ်တွင် ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်ကုန်ပိုင်းဖြစ် သောဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့်ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါသည်။ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခရခြင်းမှာ ဆောင်းမြေပဲများပေါ်ခါနီး၍ ဈေးကွက်တွင် ဝင်ရောက်မှု နည်းသွားသဖြင့် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)