ပြည်ခရိုင်တွင် သီးနှံများစိုက်ပျိုးရာတွင် အသုံးများသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ယူရီးယားလုံးကြီး တစ်အိတ်လျှင် (၁၀၁၀၀၀)ကျပ်၊ ယူရီးယားလုံးသေး တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ တီဆူပါ(သံကွင်း) တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ပိုတက် (အာမို) တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည် တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကလိုင်ကိုဇစ် (4liter)တစ်လုံးလျှင် (၇၅၀၀၀)ကျပ်၊ ရှောင်လင် (၅၀၀CC)တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူသုံးစွဲရပြီး၊ ယခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှာတော့ ယူရီးယားလုံးကြီး တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ ယူရီးယားလုံးသေး တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ တီဆူပါ (သံကွင်း)တစ်အိတ်လျှင် (၁၄၈၀၀၀)ကျပ်၊ ပိုတက်ရှ် (အာမို) တစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည်တစ်အိတ်လျှင် (၁၈၅၀၀၀)၊ ကလိုင်ကိုဇစ် (4liter)တစ်လုံးလျှင် (၇၇၀၀၀)ကျပ်၊ ရှောင်လင် (၅၀၀ CC)တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်းတွင် ဝယ်ယူသုံးစွဲရပါသည်။ ဆောင်းသီးနှံများ စိုက်ပျိုးမှုများလာသောကြောင့် ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာများမှာ ဈေးမြင့်တက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)