ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလတွင် ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ဘိုကိတ်ပဲသစ်များ အဝင်ရှိပြီး ကျန်ကုလားပဲ၊ ပဲကြီး၊ မတ်ပဲသီးနှံများမှာ လက်ကျန်ပဲများကိုသာ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလပထမပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၂၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲဈေး ကျပြီး ပဲတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၇၀၀၀-၉၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၉၈၀၀၀)ကျပ်ဖြင့် ရန်ကုန်တင်ပို့မှုမှာ တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။
ပဲတီစိမ်း
ဇန်နဝါရီလပထမပတ်တွင် ပဲတီစိမ်းသစ်တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၆၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းဈေးအေးပြီး ပဲတစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကို မန္တလေးအဝယ်အိတ် (၅၅၀)ခန့်ရှိပါသည်။ ဇန်နဝါရီလတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် ရှိပါသည်။ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်အိတ်(၂၀၀)ခန့်ရှိပါသည်။
ပဲစဉ်းငုံ
ဇန်နဝါရီလပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၆၅၀၀)ကျပ်ဖြင့် ပဲစဉ်းငုံသစ်များအဝင်ရှိပြီး တစ်ရက်ကိုအိတ်(၄၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၃၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဇန်နဝါရီလတတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို (၃၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့် ရှိပါသည်။
ကုလားပဲ
ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၉၇၀၀၀-၉၈၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၄၀၀၀-၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၂၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။
ပဲကြီး
ဇန်နဝါရီလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို(၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိ ပါသည်။ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။
ဘိုကိတ်
ဇန်နဝါရီလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်း ကို (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၀၀)ခန့် ရှိပါသည်။ တတိယ ပတ်တွင် ဘိုကိတ်တစ်တင်းကို (၈၁၀၀၀-၈၂၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၅၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်းကို (၈၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်(၁၅၀)ခန့်ရှိပါသည်။
ပြည်မြို့ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)