Main menu

ကျောက်မဲ ဆန်နှင့် ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်မှ ဝန်ထမ်းများသည် (24.5.2022)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဗဟိုဈေး၊ မင်္ဂလာ‌‌ဈေး၊ အခွန်လွတ်ဈေးနှင့် ဘူတာဈေးများသို့ သွားရောက်၍ ဆန်ဆိုင်များနှင့် သီးနှံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ဆန်ဆိုင်ဖွင့်လှစ်ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်များကို မန္တလေးမှ အများဆုံး မှာယူရောင်းချခြင်းဖြစ်ကြောင်း၊ သယ်ယူစရိတ်အနေဖြင့် ဆန်တစ်အိတ်လျှင် (၅၀၀-၁၀၀၀)ကျပ်အကြားရှိကြောင်းနှင့် ဆန်ဈေးနှုန်းများသည် ဇန်နဝါရီလမှ ယခု မေလနှောင်းပိုင်းအထိ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအနေဖြင့် ဆန်ကျော်မွှေး တစ်ပြည်လျှင် (၁၈၀၀)ကျပ်၊ မှော်ဘီ(ရှယ်)တစ်ပြည်လျှင်(၁၄၀၀)ကျပ်၊ သုခတစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ မဂျမ်းတော တစ်ပြည်လျှင်(၂၃၀၀)ကျပ်၊ စူပါတစ်ပြည်လျှင်(၂၆၀၀)ကျပ်၊ ခေါက်ချဉ်တစ်ပြည်လျှင် (၁၇၅၀) ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင်(၂၆၅၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင်(၂၄၅၀)ကျပ်နှင့် ကောက်ညှင်းဆန် တစ်ပြည်လျှင်(၁၄၀၀)ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          သီးနှံများအလိုက်ဈေးနှုန်းများအနက် ခရမ်းချဉ်သီးရောင်းဈေးမှာ ယခင်ထက်သိသိသာသာ ကျဆင်းလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ၌ ခရမ်းချဉ်သီး(အင်းသီး)တစ်ပိဿာဈေးနှုန်း(၂၀၀၀-၂၅၀၀) ကျပ်ကြားရှိပြီး ယခု မေလတွင် ဒေသထွက်ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿာ(၄၀၀)ကျပ်၊ သုံးပိဿာလျှင် (၁၀၀၀)ကျပ်ဖြစ်နေသည့်အတွက် အင်းသီးဈေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်အထိ ပြန်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)