Main menu

ယနေ့ဖြစ်ပေါ်နေသော ကွမ်းရွက်စျေးနှုန်းနှင့် စျေးကွက်အခြေအနေ

Powered by Drupal

               ကွမ်းရွက်ကို တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အိမ်တွင်း တနိုင်တပိုင်လုပ်ငန်းအဖြစ် စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ အဓိကအား ဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းများသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ကွမ်းရွက်စျေးကွက်ကိုကြည့်လျှင် မြိတ်မြို့တွင်ကွမ်းချော၊ ကွမ်းကြမ်းဟူ၍ နှစ်မျိုးရှိနေပြီး ကွမ်းချော(ယာကွမ်း) ကိုအဓိကစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းချောတစ်ခါကောက်လျှင် အပင်သစ်ဖြစ်ပါက (၁၅) ရက်တစ်ကြိမ်ကောက်လေ့ရှိပြီး အပင်အို(ဟောင်း)ဖြစ်ပါက တစ်လတစ်ကြိမ်ခန့်သာကောက်ကြကြောင်း သိရှိရပါသည်။

            ကွမ်းရွက်စျေးနှုန်းမှာ ယခင်လတွေက စျေးနှုန်းအသင့်တင့်သာရရှိသော်လည်း ယခုလ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလအစများတွင် စျေးကောင်းရရှိလာခဲ့ ကြောင်းသိရှိရပါသည်။ ယခင်လကွမ်းရွက်လက်ကားစျေးနှုန်းမှာ တစ်စည်းလျှင် (၆၀၀) ကျပ် ခန့်ရှိရာမှ ဖေဖော်ဝါရီလအစတွင် (၁၂၀၀) ကျပ် ထိစျေးနှုန်းရရှိနေကြောင်းသိရှိရပါတယ်။

             ကွမ်းရွက်တစ်စည်းတွင် အရွက်(၅၀)ပါရှိပြီး ကွမ်းချော(ယာကွမ်း)(အရွက်ကြီး) လက်ကားစျေး တစ်စည်းလျှင် (၁၂၀၀)ကျပ်၊ ကွမ်းချောအငယ် လက်ကားစျေးတစ်စည်းလျှင် (၅၀၀)ကျပ်နှင့် လက်ကားကွမ်းကြမ်းတစ်စည်းလျှင်(၄၀၀)ကျပ်ခန့် ရှိနေကြောင်း အခြားတိုင်း၊ ပြည်နယ်များနှင့် လက်လီတင်ပို့ရောင်းချပါက အရွက်ကြီး တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ အငယ်တစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)