မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် မြိတ်မြို့အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ ဆီကန်များမှ ခွဲတမ်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ခွဲတမ်း ရရှိခဲ့သော Myanmar Oil Alliance ကုမ္ပဏီ၏ စားအုန်းဆီပေပါ(၃၈)ပေပါကိုယာဉ်အမှတ် 2J-5724 ဖြင့်လည်းကောင်း ၊ Global Good Pure Group ကုမ္ပဏီ၏ စားအုန်းဆီပေပါ (၅၁)ပေပါကို ယာဉ်အမှတ် 6L-9521 တွင်လည်ကောင်း၊ စုစုပေါင်း ပေပါ(၈၉)ပေပါကိုသယ် ဆောင်လာပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြိတ်မြို့အရောင်းဆိုင်များသို့ခွဲဝေရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် မြိတ်မြို့အရောင်းဆိုင်များမှ တစ်ဆင့်ပြည်သူများသို့ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)