စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံ များအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။
ငရုပ်သီးစိမ်းများထဲမှ မိုးထော်ငရုပ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက် ရှိပါသည်။ ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေးအတွင်း၌ ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက်အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်း သီး) တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်၊ ၂၅ကျပ်သား လျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၅၀၀၀)ကျပ် နို့ဆီတစ်ဘူးလျှင် (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)