![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9_75.jpg?itok=HpJB1ZBN)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက် နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်း ပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။
ကန့်ဘလူပွဲရုံများအနေဖြင့် ဇန်နဝါရီလအတွင်းပွဲရုံသို့ဝင်ရောက် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင် /အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှု အခြေ အနေများမှာ ပဲစင်းငုံ(နီ)(၂၆၇၀)တင်း၊ ဈေးနှုန်းမှာ(၈၈၀၀၀)ကျပ်၊ ပဲစင်းငုံ(ဖြူ)(၃၆၀)တင်း ဈေးနှုန်းမှာ (၈၅၀၀၀)ကျပ်၊ ပဲတီစိမ်း(၄၄၄)တင်း ဈေးနှုန်းမှာ(၈၅၀၀၀)ကျပ်၊ ပဲနီ(စွန်တာနီပဲ)(၁၆.၅)တင်း ဈေးနှုန်းမှာ (၉၅၀၀၀)ကျပ်၊ ပဲကြား(ပဲဇီးကွက်)(၃၀)တင်း ဈေးနှုန်းမှာ(၉၅၀၀၀)ကျပ်၊ ပဲလွန်းဖြူ(၉၄.၅)တင်း ဈေးနှုန်း မှာ(၉၀၀၀၀)ကျပ်၊ နှမ်း(နက်)(၁၉၅)တင်း ဈေးနှုန်းမှာ(၂၂၀၀၀၀)ကျပ်၊ နှမ်း(ဖြူ)(၈၇၀)တင်း ဈေးနှုန်းမှာ (၁၁၅၀၀၀)ကျပ်၊ ကုလားပဲ v2(၁၃၂)တင်း ဈေးနှုန်း မှာ(၈၀၀၀၀)ကျပ်၊ 929(၅၆၁)တင်း ဈေးနှုန်းမှာ (၇၇၀၀၀) ကျပ်၊ ထိုင်ဝမ်(၁၈၆)တင်း ဈေးနှုန်းမှာ(၈၀၀၀၀)ကျပ်၊ ဘိလပ်စေ့(၆၄၅)တင်း ဈေးနှုန်းမှာ (၆၅၀၀၀)ကျပ် နှင့် ပြောင်းဆံ(၉၇၅)တင်း ဈေးနှုန်းမှာ(၂၂၀၀၀)ကျပ် အသီးသီးပေါက်ဈေး ရှိကြောင်းသိရသည်။
ယခုရာသီကာလမှာဆိုလျှင်တော့ ပဲစင်းငုံရာသီဖြစ်သည့်အတွက် အများဆုံးနှင့် အဝင်/ အထွက် အပေါများဆုံးအချိန်ဖြစ်ပြီး ပဲစင်းငုံကို ကန့်ဘလူမြို့ပေါ်နှင့် ကန့်ဘလူ ပတ်ချာလည် ဒေသအသီးသီးတို့မှ ဝင်ရောက်ပြီး မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံ တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)